Thursday, May 05, 2011

Filled Under:

ဖြိုးဝေအောင်အမှုအာဏာပိုင်တစုံတရာမတုံ့ပြန်

(အာအက်ဖ်အေ ၄.၅.၂၀၁၁)မနှစ်ကသင်္ကြန်က X2O မဏ္ဍာပ်ရှေ့မှာ ဗုံးပေါက်ခဲ့တာနဲ့ ပတ်သက်ပြီး ဗုံးခွဲမှုနဲ့ တရားစွဲခံနေရတဲ့ ကိုဖြိုးဝေအောင်ဟာ အင်းစိန်အကျဉ်းထောင်မှာ ကျန်းမာရေးချို့တဲ့နေတယ်လို့စုံစမ်းသိရှိရပါတယ်။ သူဟာခါးနာတဲ့ ဝေဒနာခံစားနေရတဲ့အတွက် ပြီးခဲ့တဲ့ သတင်းအပတ်က ဓါတ်မှန်ရိုက်စစ်ဆေးတဲ့အခါမှာ ခါးကျီးပေါင်းတက်နေတာ တွေ့ရတယ်၊ဒါကြောင့် အရိုးအထူးကု ဆရာဝန်နဲ့ ပြဖို့ တင်ပြထားတယ်လို့ ဇနီးသည်ဖြစ်သူ မဌေးဌေးဝင်းက ပြောပါတယ်။


ဒါ့အပြင် မြန်မာနိုင်ငံမှာ သမ္မတရှိနေပြီ ဖြစ်သလို ဒီမိုကရေစီစနစ်ဖော်ဆောင်နေပြီဖြစ်တဲ့အတွက်ကြောင့် မတရားစွပ်စွဲခံနေရတဲ့ ကိုဖြိုးဝေအောင်ရဲ့အမှုကိစ္စကို တရားသဖြင့် စီရင်ဆုံးဖြတ်ပေးဖို့ ပြီးခဲ့တဲ့ ဧပြီလ၂၂ရက်နေ့က သမ္မတဦးသိန်းစိန်ထံ လိပ်မူပြီး မိသားစုက စာတင်ခဲ့ပေမဲ့လည်း အာဏာပိုင်တွေရဲ့ပြန်ကြားချက် ဒီကနေ့အထိမရရှိသေးဘူးလို့ ဇနီးသည် မဌေးဌေးဝင်းကပြောပါတယ်။


မဌေးဌေးဝင်း…ဒီမိုကရေစီနိုင်ငံလည်းဖြစ်သွားပြီ။ သမ္မတလည်းတက်ပြီဆိုပြီးတော့ ပြည်သူတယောက်အနေနဲ့ ကျမတို့ ကြုံတွေ့နေတဲ့ အခက်အခဲ အဖြစ်အပျက်တွေကို သမ္မတဆီလိပ်မူပြီး စာတင်ထားတာရှင့်။ ဒါပေမဲ့ ဘာမှ မထူးခြားပါဘူးဒီအတိုင်းပါဘဲ။


ကိုဖြိုးဝေအောင်ကို အင်းစိန်ထောင်တရားရုံးမှာ ပုံမှန်ရုံးထုတ်နေပေမဲ့ တရားသူကြီး အပြောင်းအလဲတွေရှိနေပြီး အမှုမစစ်ဆေးသေးဘူးလို့ သိရပါတယ်။ ဒါ့အပြင်သူ့ကို စွပ်စွဲထားတဲ့ ပြစ်မှုတွေဟာလည်းမှားယွင်းနေတဲ့ အတွက် အမှုကို အစနေပြီးပြန်စစ်ဖို့ ၊စစ်ဆေးတဲ့ အခါမှာလည်း မိသားစုကို တက်ရောက်နားထောင်ခွင့် ပြုဖို့တင်ပြထားပေမဲ့ သူ့ကို အခုအချိန်အထိခွင့်မပြုဘူးလို့သိရပါတယ်။


ကိုဖြိုးဝေအောင်ရဲ့အမှုကို စစ်ဆေးတဲ့ အခါမှာ တရားရုံးဟာ ဥပဒေနဲ့ ညီညွတ်မှုမရှိတဲ့ အကြောင်း၊ တရားရုံးရဲ့ဆောင်ရွက်မှုတွေဟာလည်း တည်ဆဲဥပဒေနဲ့ ညီညွတ်မှုမရှိတဲ့အပြင် ကိုဖြိုးဝေအောင်အပေါ်မှာ ခွဲခြားဆက်ဆံမှုတွေရှိနေတဲ့အကြောင်း ၊ရုံးပြောင်းလျှောက်ထားရာမှာလည်း အထက်ရုံးအဆင့်ဆင့်က ပယ်ချခဲ့တယ်လို့ အာရှလူ့အခွင့်အရေး ကော်မရှင်ကမတ်လ၃၀ရက်နေ့က ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ ကိုဖြိုးဝေအောင်ဟာလက်ရှိ အင်းစိန်ထောင်မှာ အဆောင်၂အခန်း ၅မှာ အကျဉ်းကျနေတာ ဖြစ်တယ်လို့ သိရပါတယ်။

0 comments:

Post a Comment